iphone-feature


အသပြာဆိုတာဘာလဲ

အသပြာဟာ သင့်ရဲ့ဝင်ငွေထွက်ငွေစာရင်းတွေကို အမျိုးအစားလိုက် မှတ်သားထားနိုင်ပြီး အသုံးစားရိတ်ကို ခြေရာခံနိုင်တဲ့ မိုဘိုင်းအပလီကေးရှင်းဖြစ်ပါတယ်။ သင့်ရဲ့ငွေကြေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် အသပြာအက်ပ်ဟာ သင့်ရဲ့နေ့စဉ်ဘဝမှာ အရေးပါတဲ့ အက်ပ်တစ်ခုဖြစ်ပါတယ်

အကျိုးကျေးဇူးများ

အသပြာ အက်ပ်ကိုသုံးခြင်းအားဖြင့် သင့်ရဲ့ဝင်ငွေတွေကို ပိုပြီးစုမိလာစေခြင်း၊ အရေးတကြီးမလိုသေးတဲ့ ကိစ္စတွေကို အသုံးစားရိတ်တွေကို လျှော့ချစေခြင်း၊ ဝင်ငွေ၊ ထွက်ငွေစာရင်းကို အချိန်နဲ့တပြေးညီကြည့်ရှုနိုင်ခြင်း၊ ငွေကြေးဆိုင်ရာစီမံခံ့ခွဲနိုင်မှု ပိုမိုတိုးတက်စေဖြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေမှာပါ။

အက်ပ်ရာဇ၀င်

အသပြာအက်ပ်ကို ဗားရှင်း 1.0 နဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ ပထမဦးစွာ စတင်မိတ်ဆက်ခဲ့ပါတယ်။သုံးစွဲသူများအတွက် နေ့စဉ်အသုံး၀င်သော အက်ပ်ဖြစ်တဲ့အတွက်လွယ်ကူစွာအသုံးပြုနိုင်ဖို့ဦးစားပေးပြင်ဆင်ခဲ့ပါတယ်။၂၀၂၂ ဧပြီလမှာ သုံးစွဲသူများအတွက် နောက်ထပ် အသစ် မွမ်းမံမှုတွေနဲ့ ဗားရှင်း 1.1.1 ကို စတင်ပေးခဲ့ပါတယ်။အသပြာ အက်ပ်ကို သုံးစွဲသူတိုင်းရဲ့ စာရင်းအင်းပြဿနာများပြေလည်ဖို့အတွက်အမြဲတမ်းသာလွန်ကောင်းမွန်နေအောင် ပြင်ဆင်ပေးလျက်ရှိပါတယ်။သိလိုတဲ့ အချက်အလက်များရှိပါက [email protected] ကို ဆက်သွယ်နိုင်ပါတယ်။

အင်္ဂါရပ်များ

နိုင်ငံခြားငွေကြေးစျေးနှုန်းများနှင့် ရွှေစျေးများ

လူတိုင်းသိသင့်တဲ့ နိုင်ငံခြားငွေကြေးစျေးများနဲ့ ရွှေစျေးအတက်အကျများကို အချိန်နဲ့တပြေးညီပြသပေးနေပါတယ်။

စာရင်းဒေတာများစွာကို သိမ်းဆည်းပေးခြင်း

သုံးစွဲသူတွေရဲ့ စာရင်းအင်းဒေတာတွေဟာ အက်ပ်ထဲမှာ အမြဲတမ်းစနစ်တကျရှိနေမှာမလို့ အချိန်မရွေးပြန်ကြည့်လိုရပါတယ်။

အလင်း/အမှောင် စတိုင်လ်

အလင်းစနစ်ရော အမှောင်စနစ်ပါ ပါ၀င်တဲ့အတွက် အသုံးပြုသူများ နှစ်သက်ရာကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

app-screen
မြန်မာ / အင်္ဂလိပ် ဗားရှင်း

မြန်မာလိုရော အင်္ဂလိပ်လိုပါ လွယ်လွယ်ကူကူ ပြောင်းသုံးလို့ရတဲ့အတွက် သုံးစွဲသူတွေအတွက် နားလည်ရလွယ်ကူစေမှာပါ။

ဂရပ်များ

အသုံးစရိတ်များနဲ့ ၀င်ငွေများကို ဂရပ်များနဲ့ လစဉ် စနစ်တကျပြသပေးထားတာကြောင့် သုံးစွဲသူတွေအတွက် များစွာအထောက်အကူပြုပါတယ်။

ဒေတာများပြန်ရှာရ လွယ်ကူခြင်း

မိမိထည့်ထားတဲ့စာရင်းတွေအားလုံးထဲက သိလိုတာတစ်ခုခုကို ပြန်ရှာချင်ရင်လည်း လွယ်ကူစွာနဲ့ ရှာဖွေနိုင်ပါတယ်။



ယခုပဲ အခမဲ့ဒေါင်းလုဒ် လုပ်လိုက်ပါ။


  • google_play

  • app-store

  • apk

iphone-app

ဆက်သွယ်ပါ။